ဟစ်အော် ဆူသံ ထစ်ချုန်းညံ မိုးကြီးသည်းထန်
သွားလာပုံမှန် မြို့ထုံးစံ ဗြုန်းကနဲ ဗြောင်းဆန်
သစ်ပင်ရိပ်နားခိုဟေ့ မိုးကင်းလွတ်ရာ
မှတ်တိုင်နားမရောက်ခင်ဟေ့ မိုးမိတော့မှာ
ထီးတစ်ချောင်းထဲ တွဲလို့ ရွှဲလို့
နှစ်ယောက်ဆောင်းသူ ကြည်နွဲ့မူ
လမ်းဘေးကစား ပြေးလွှား ကလေးများ အခွင့်ရေးယူနေ
မိုးသက်လေထဲမယ် ကားဟောင်းတွေပျက်လွယ်
ဇွန်လလယ်ထဲမိုးဦးကြမ်းပုံ
ဟစ်အော် ဆူသံ ထစ်ချုန်းညံ မိုးကြီးသည်းစဉ်
မျက်နှာပေါ်ကိုရေစက်တွေ သွန်းပက်ဖျန်းရင်
ဆန်းကြယ်တဲ့အရသာဟေ့ တစ်မျိုးတော့လှတယ်
ပွတ်ကာ သုတ်ပစ်ပါဟေ့ စိတ်ညစ်တတ်ရင်
မိုးသည်းထဲ အရေးတကြီးခရီးမို့ ရေရွှဲရင်စိတ်ဆိုးမပြေ
လမ်းသွားရင်း သီချင်းများစဉ်းစားသူ ကျေနပ်ပေမယ်
မိုးသက်လေထဲမယ် မိုးစက်တွေထိမယ်
ဇွန်လလယ်ထဲ မိုးဦးကြမ်းပုံ